Welcome to Cornerstone Myanmar Community Church

DISCOVER OUR STORY

We are the Myanmar Congregation of Cornerstone Community Church in Singapore. Our community is dedicated to sharing God’s love through worship, fellowship, and service. Rooted in faith and unity, we offer a supportive space for Myanmar-speaking believers to grow in their relationship with Christ and one another. Join us in celebrating our culture and deepening our faith as part of the wider Cornerstone family, with a mission to impact both our local and global communities.

Meet Our Leadership Team

အသင်းတော်ကို ယနေ့သင်လာရောက်ပါဝင်ခြင်း အတွက်ကျွန်ပ်တို့အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ သင်နှင့် အတူရပ်တည်ပေးမည့် ဝိညာဉ်ရေးရာ မိသားစုရှိခြင်းက အမှန်တကယ်ပင် အရေးကြီးပါသည်။သင်ယခုရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲမည်မျှပင် ကြီးမားစေကာမူ၊ ဤနေရာ၌ စီးဆင်းနေသော ဘုရားသခင်၏ ကြီးမားသော မေတ္တာတော်က သင့်ကို ကျော်လွားအောင်မြင်နိုင်ရန် ခွန်အားရရှိစေမည် ဖြစ်ပါသည်။ ဤနေရာကို သင်ရဲ့ မိသားစုအဖြစ် သတ်မှတ်နိုင်ပါသည်။ သင့်ကိုခရစ်တော်၏ မေတ္တာဖြင့် မိသားစုအဖြစ် နွေးထွေးစွာ ကြိုဆိုပါသည်။ယခု သင်ကြည့်ရှုနေသော Website အားဖြင့် ကျွန်ုပ်တို့၏ အသင်းတော်ကို ကျွန်ပ်တို့၏ အသင်းတော်ကို သင်သာ၍သိနိုင်မည်ဖြစ်ပါသည်။ 

Pastor TUCK YOONG & DAPHNE YANG

Pastor TUCK YOONG & DAPHNE YANG

Senior Pastors

Pastor Saw Thiha & Pastor Susanna Min

Pastor Saw Thiha & Pastor Susanna Min

Senior Leaders

Pastor Daniel & Yamin

Pastor Daniel & Yamin

Pastors

STATEMENT OF FAITH

၁။ အမှုဆောင်ခြင်း (၅)မျိုးဖြင့် တည်ဆောက်ထားသော အသင်းတော်

ဘုရားသခင်၏ခေါ်ခြင်းနှင့် အညီ မဟာစေခိုင်းချက် အတိုင်း သတင်းကောင်းအားဝေမျှခြင်း၊ အသင်းတော်များ တည်ထောင်ခြင်း၊ ယုံကြည်သူများအား နှုတ်ကပက်တော်၌ ရင့်ကျက်ကြီးထွားလျက်၊ အမှုဆောင်နိုင်သော သူများဖြစ်လာစေရန် လေ့ကျင့်ပြုစုတည်ဆောက်ပေးခြင်းတို့အတွက် ဘုရားသခင်ဘိသိက်ပေးတော်မူသောတမန်တော်၊ ပရောဖက်၊ သာသနာပြုအရာ၊သင်းအုပ်အရာ နှင့် ဆရာအရာတည်းဟူသောအမှုဆောင်ခြင်း (၅)မျိုးတို့ အပေါ်  ၌ အုတ်မြစ်ချတည်ဆောက်ထားသော အသင်းတော်ဖြစ်သည်။

၂။ ဖခင် မေတ္တာတော်၌ အုတ်မြစ်တည်သော မိသားစု

မရွေ့လျော့ မဖောက်ပြန်သော အဖခမည်းတော်၏ မေတ္တာတော်၌ နက်ရှိုင်းစွာ အုတ်မြစ်ချလျက် ထိုအုတ်မြစ်ပေါ် ၌ အင်္ဂါချင်းဝင်များ တစ်ဦး နှင့်တစ်ဦး အချင်းချင်းချိတ်ဆက်ခြင်း၊ ဝေမျှခြင်း၊ ကူညီမစခြင်း၊ လက်တွဲအမှုဆောင်ခြင်းတို့ဖြင့် မိသားစု မေတ္တာအထဲ၌ ကြီးထွားတိုးပွားနေသောအသင်းတော်ဖြစ်သည်။

၃။ မျက်မှောက်တော်အား ဆာငတ်ခြင်းဖြင့် ကြီးထွားနေသော ပျိုးပင်

ဘုရားသခင်ကို လိုချင်အားကြီးလျက် မျက်မှောက်တော်ကို ဆာငတ်မွတ်သိပ်ခြင်း စိတ်ဝိညာဉ်အားမရပ်တန့်စေပဲ ထိုဆာငတ်ခြင်းကို သာ၍အရှိန်မြင့်တင် ခြေလှမ်းလှမ်းနေသောအသင်းတော်ဖြစ်သည်။

၄။ နိုးထမှုအတွက် တောက်လောင်နေသော မီးတောက်

၀ိညာဉ်ရေးရာ၌ ခြောက်သွေ့အေးခဲ နေသော အသက်တာများ၊ မိသားစုများ၊ အသင်းတော်များ နှင့် တိုင်းနိုင်ငံများ ပြန်လည် နိုးထတောက်လောင်လာစေရန်၊ ထိုနိုးထမှုအတွက် ခန္ဓာစိတ်ဝိညာဉ် မြုပ်နှံကာ အသက်ရှင် အမှုဆောင်နေသော အသင်းတော် ဖြစ်သည်။

၅။ ပရောဖက်ပြုခြင်း အသံ

ဘုရားသခင်၏ ခွဲခန့်မှတ်သားသောအချိန် နှင့် ကာလအပိုင်းအခြားကို သိမှတ် နားလည်ကာ ဘုရားသခင်၏ ရွေ့လျားလှုပ်ရှားမှု၌ နောက်ကျမကျန်ခဲ့ပဲ ထက်မြက်စွာ လှုပ်ရှား အမှုဆောင်လျက် တိုင်းနိုင်ငံ၊ လူမျိုးများနှင့် အသင်းတော်များအပေါ်မှာစေလွှတ်သော ဘုရားသခင်၏အသံတော်အား ရဲရင့်ပြတ်သားစွာ ကြားပြောသော အသင်းတော်ဖြစ်ခြင်းသည် ကျွနု်ပ်တို့၏ ပြင်းပြသော စိတ်ဆန္ဒဖြစ်သည်။

၆။ ချီးမွမ်းခြင်းပြည့်လျှံသော အဖအိမ်တော်

ဘုရားသခင်အား အရာခပ်သိမ်းတို့အထက်၌ချီးမြောက်လျက်၊ ထိုဘုန်းကြီးသော ဘုရားအား စိတ်နှလုံးအြွကင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှဖြင့် အချုပ်အနှောင်မရှိဘဲ လွတ်လပ် ဝမ်းမြောက်စွာ ချီးမွမ်းခြင်းသည် ကျွနု်ပ်တို့ တန်ဖိုးထားသော အရာဖြစ်သည်။

VISION

နောက်ဆုံးသောကာလ ရိတ်သိမ်းပွဲကြီးအတွက် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသော လုပ်ဆောင်သူ မျိုးဆက်သစ်များစွာ မွေးထုတ်ပြီး မြန်မာအနှံ့နှင့် ကမ္ဘာအနှံ့တွင် နိုင်ငံတော်တည်ဆောက်ခြင်းအား မေတ္တာတော်၊ တန်ခိုးတော်အားဖြင့် လုပ်ဆောင်ရန်။

Join Our Mission

Be a part of something greater at Cornerstone Myanmar Community Church. Whether you’re looking to deepen your faith, connect with fellow believers, or make a difference in the community, there’s a place for you here. Attend our services, join our ministries, or support our mission to bring hope and unity to Myanmar Christians in Singapore. Your involvement can make a lasting impact.